Tuesday, February 7, 2012

Windows 7 အသုံးပြုနည်းလက်စွဲ ( E-Book )



ကွန်ပျူတာ ကိုစပြီးတော့လေ့လာကာစသူတွေအတွက် Windows 7 ကိုစတင်အသုံးပြုတဲ့အခါ လွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်အောင်  ဦးအောင်လင်းရေးပေးထားတဲ့  Windows 7 အသုံးပြုနည်းစာအုပ်လေး တင်ပေးလိုက်ပါတယ်..Windows တစ်ခုကနေနောက်
ထပ် Windows တစ်ခုကိုပြောင်းပြီး အသုံးပြုတဲ့အခါ ကွန်ပျူတာနဲ့လက်ပွန်းတနီး မရှိတဲ့သူတွေ အတွက်တော့အခက်အခဲ တစ်ခုဖြစ်စေ မှာပါ..။ ဒါကြောင့် တစ်ခြား Windows တစ်ခုခုကနေ Windows 7 ကိုပြောင်းပြီးအသုံးပြုတဲ့အခါ အခက်အခဲ မရှိအောင် ဒီစာအုပ်လေးကို တင်ပေးလိုက်တာပါ..။ လိုအပ်တဲ့သူတွေ ကတော့အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ယူသွားလိုက်ပါ....။။

Camera Myanmar Ebooks Collection






ကင်မရာရိုက်တက်အောင်များ ဘာခက်လည်းကွာလို့ တော့ မထင်လိုက်နဲ့နော် ဘယ်ပညာမှ မလွယ်တာတော့ အမှန်။
အခု လက်ရှိ စာဖတ်သူလက်ထဲ့ကို ကင်မရာ တလုံးရောက်လာပြီထားပါစို့ ဒီချိန်မှာ ညပိုင်းဖြစ်နေမယ်ဆိုရင် Focus တွေ
Zoom တွေ Mode တွေ ဘယ်လိုချိန်ညှိမလည်း။ လက်သား ဘယ်လိုတင်ပြီး ကင်မရာတလုံးကို ကိုင်တွယ်မလဲ၊ စာဖတ်သူ သိထားသင့်ပါတယ်။ ဒါတွေသိဖို့က စာအများကြီးဖတ်ဖို့တော့ မလိုပါဘူး။ အဓိကကတော့ အတွေ့အကြုံကလည်း ကင်မရာကို ကိုင်တွယ်ဖို့ အကြောင်းရင်းထဲ့မှာ အဓိကက ပါပါတယ်။ ဘာပဲ့ ဖြစ်ဖြစ် စာတွေ့ကနေ စကြတာ အကောင်းဆုံးပဲ့ မဟတ်လား လက်တွေ့ စာတွေ့ပေါင်းစပ်လိုက်ရင် အတော် အစဉ်ပြေသွားပြီ။ ဒါကြောင့် အောက်က စာအုပ်တွေကို သေချာ ဖတ်ကြည့်ပါ။ စာအုပ်သိပ်မများပါဘူး။ 11 အုပ်ထဲ့ပါ။ အဲ့စာအုပ်တွေ ဖတ်နေတဲ့ အချိန်မှာ စာဖတ်သူလက်ထဲ့မှာ ကင်မရာ တလုံးရှိရင်တော့ အတိုင်းထက် အလွန် သိပ်ကောင်းဗျ။ ဒီလို မရှိလို့လည်း စိတ်အားမငယ်သွားပါနဲ့။ စာဖတ်ပြီး တက်မြောက်သွားတဲ့ လူတွေလည်း လောကမှာ မနည်းပါဘူး။ ဒါကြောင့် ဒီ ကင်မရာ Ebooks Collection (Myanmar) ကိုတော့ ဆောင်ပြီး ဖတ်ဖို့ ဗဟုသုတ အဖြစ် သိသင့်သလောက် ဖတ်ထားဖို့ တိုက်တွန်းလိုပါတယ်။